“လေးနိုင်ငံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် ISPE အမျိုးသားအသင်း တရုတ်နိုင်ငံသို့ထွက်ခွာ”

30 Sep

တရုတ်နိုင်ငံ၊ လန်ချန်းမြို့မှာ စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၇ ရက်အထိကျင်းပမည့် လေးနိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ၏ ISPE အသင်း မှ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ အခုလိုဝင်ရောက်ယှဥ်ပြိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးထွန်းထွန်း ဦးခေါင်းဆောင်တဲ့ ISPE အသင်းသားများက စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါတယ်။ အဆိုပါ လေးနိုင်ငံ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို အိမ်ရှင်တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (NVS 008)

30 Sep

ADVERTISE HERE .