“မာ့ခ်ဘာနယ်လ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် စာချုပ်ဆိုလိုက်တဲ့ ဘာစီလိုနာအသင်း”

30 Sep

ဘာစီလိုနာအသင်းဟာ လာမာစီယာအကယ်ဒမီထွက် ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ် ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်သာရှိနေသေးတဲ့ ဘာနယ်လ် ဟာ အသက် ၆ နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာကတည်းက ၂၀၂၆ ခုနှစ်အထိ ၃ နှစ်သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာကတည်းက နောက်ထပ် ၃ နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ရယူထားခဲ့သလို၊ ယူရိုသန်း ၅၀၀ တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။ ဘာနယ်လ် ကို နည်းပြ ဟန်ဆီဖလစ်ခ်က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား ဖြစ်လာနိုင်သူလို့ သုံးသပ်ထားပါတယ်။ (NVS 008)

30 Sep

ADVERTISE HERE .