“နောက်ခံလူ ဆာလီဘာ ကို ငါးနှစ်သက်တမ်းတိုးမယ့် အာဆင်နယ်အသင်း”
30 Sep
အာဆင်နယ်အသင်းဟာ အသင်းနောက်ခံလူ ဆာလီဘာ ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းက တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် ဆာလီဘာ ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ အသင်းနဲ့သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြလာကြပါတယ်။ ဆာလီဘာ ဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်အသင်းနဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ ဆာလီဘာ ဟာ ၂၀၁၉ ခုနှစ်က စိန့်အက်တီယန်အသင်းကနေ ယူရို သန်း ၃၀ နဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပေမယ့် အစောပိုင်းနှစ်တွေမှာတော့ ပြင်သစ်ကလပ်တွေဖြစ်တဲ့ နိုက်စ်၊ မာဆေးလ်အသင်းတွေထံ အငှားပြန်ကစားခဲ့ရပါတယ်။ ဆာလီဘာ အနေနဲ့ အာဆင်နယ်အသင်းအတွက် ပွဲ ၁၄၀ ကစားထားပြီး ခုနစ်ဂိုးသွင်းကာ သုံးဂိုး ဖန်တီးပေးခဲ့ပါတယ်။ (NVS 008)
30 Sep