“သမ္မတပူတင်က ဒေါ်နယ်ထရမ့်နှင့် မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိဟုဆို”

30 Sep

ရုရှားသမ္မတဗလာဒီမာပူတင်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ရုရှားအစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က ပြောကြားလိုက် သည်။ သမ္မတပူတင်က ထရမ့်အား ဖိတ်ကြားမှုမှာ ဆက်လက်စီစဉ်ထားဆဲဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပက်စကော့က TASS သတင်း အေဂျင်စီသို့ စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားသည်။ သမ္မတပူတင်နှင့် ထရမ့်တို့နှစ်ဦးသည် ယခုနှစ် ဩဂုတ်လအတွင်းက အလက်စကာပြည်နယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၎င်းတို့၏နောက်တစ်ကြိမ်ဆွေးနွေးပွဲကို မော်စကိုမြို့၌ ပြုလုပ်ရန် ထရမ့်အား သမ္မတပူတင် က အဆိုပြုခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဝေဖန်ခံရမှုများတွေ့ကြုံလာနိုင်ကြောင်းကို သတိပြုထားပြီး ဖြစ်သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်သည် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ဖူးကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Sep

ADVERTISE HERE .