“မလေးရှားနိုင်ငံထိပ်တန်းတက္ကသိုလ်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့်ပညာရေးပြပွဲ ရန်ကုန်တွင်ကျင်းပမည်”
30 Sep
မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံး(Embassy of Malaysia, Yangon) ၏ ပံ့ပိုးမှုနဲ့ Yes2Malaysia မှ ဦးစီး ကျင်းပမည့် မလေးရှားပညာရေးပြပွဲကို လာမည့် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့မှာ ရန်ကုန် PARKROYAL Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ မလေးရှားတက္ကသိုလ်များမှ တာဝန်ခံများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး တိကျမှန်ကန်သော သတင်း အချက်အလက်များကို ရယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပညာရေးပြပွဲမှာ လာရောက်လျှောက်ထားသူ များကို Free Student Visa အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကြေးကင်းလွတ်ခွင့်များ ရယူနိုင်ရန်စီစဉ်ထားပြီး ပညာသင်ဆုများနှင့် အခြားငွေကြေးဆိုင်ရာပံပိုးမှုများနှင့်အတူ Bachelor's၊ Master's နှင့် Ph.D ပရိုဂရမ်များသို့ တိုက်ရိုက်ဝင်ခွင့်ရနိုင်မည့် အခွင့်အလမ်းရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲအတွက် ဝင်ကြေးအခမဲ့ဖြစ်ပြီး Yes2Malaysia ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)