“ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်မဲပေးလိုက ပုံစံ(၁၅)နဲ့ လျှောက်ထားနိုင်ကြောင်းကြေငြာ”
30 Sep
ယာယီနေရပ်စွန့်ခွာသူများအနေနဲ့ မဲစာရင်းပါရှိရာ မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးလိုပါက ရောက်ရှိရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲများတွင် အောက်တိုဘာလ ၁၂ ရက် နောက်ဆုံးထားပြီး ပုံစံ(၁၅)ဖြင့် လျှောက်ထား နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မိုဘိုင်းဖုန်းက တစ်ဆင့်SMS(စာတို) ပေးပို့ထားကြောင်း သိရပါတယ်။ မဲပေးလိုသူများအနေနဲ့ ပုံစံ(၁၅)ဖြင့်လျှောက်ထား၍ နိုဝင်ဘာလ ၂၅ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အတွင်း ကြိုတင်မဲပေးနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ကြိုတင်မဲမပေးလိုပါကလည်း ရောက်ရှိဒေသမှာ မဲပေးရန် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်ပြီး အသေးစိတ်အချက်လက်များကို UEC ဝက်ဆိုဒ်မှာ ဝင်ရောက် ဖတ်ရှုနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ လာမည့်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်မှာ စတင် ကျင်းပမည်ဖြစ်ပြီး မြို့နယ် ၁၀၂ မြို့နယ်မှာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါတယ်။ (NVS 004)