မနက်ခင်းမှာ ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေ

29 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ မနက်ခင်းမှာ ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ မနက်ခင်းပိုင်းမှာ ရေနွေးပူပူနဲ့ ရေချိုးခြင်းဟာ နာကျင်နေသော ကြွက်သားများနဲ့ အဆစ်အမြစ်များကို သက်သာစေနိုင်ပြီး ညောင်းညာခြင်းများကိုလည်း ပြေလျော့စေပါတယ်။ ဒါ့အပြင် ချွဲသလိပ်များကိုပါ ပြေလျော့စေပြီး အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို သက်သာစေပါတယ်။ မနက်ခင်း ရေချိုးခြင်းက ညတွင်းချင်း ဖြစ်ပေါ်လာနိုင်တဲ့ အညစ်အကြေးများနဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးကာ ကျန်းမာသော အသားအရေကို ရရှိစေအောင် ကူညီပေးပါတယ်။ စိတ်ဖိစီးမူတွေလည်း သက်သာပျောက်ကင်းစေပါတယ်။ အဲ့ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်းမှာ ရေချိုးခြင်းက များစွာအထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။ အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။ မနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည်ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို တောင့်တင်း သန်မာစေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။ ရေနွေး သို့မဟုတ် ရေအေးနဲ့ မနက်ခင်းမှာ ခေါင်းလျှော်တာဟာ ဆံပင်မကျွတ်ခြင်းအတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ်တားဆီးပေးပါတယ်။ မနက်ခင်းမှာ လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားတွေကို ပိုမိုသန်မာ စေပါတယ်။ (NVS 003)

29 Sep

ADVERTISE HERE .