“တောင်ကြီး သီတင်းကျွတ်ပွဲတော်ကြီးတွင် တေးဂီတပွဲတော်ကြီးကို သုံးရက်တိုင်တိုင် ထည့်သွင်းကျင်းပသွားမည်”

29 Sep

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ကျင်းပမည့် တောင်ကြီးသီတင်းကျွတ်ပွဲတော်ကြီးတွင် ထင်ရှားတဲ့ တေးသံရှင်များပါဝင်သော တောင်ကြီးသီတင်းကျွတ် တေးဂီတပွဲတော်ကြီးကို သုံးရက်တိုင်တိုင်ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ တောင်ကြီးသီတင်းကျွတ်တေးဂီတပွဲတော်ကြီးကျင်းပရာမှာ အောက်တိုဘာလ ၅ ရက်တွင် တေးသံရှင် မျိုးကြီး၊ ဝိုင်ဝိုင်း၊ မေခလာ၊ ကော်နီ၊ အောက်တိုဘာလ ၅ ရက်တွင် တေးသံရှင် ဝေလ၊ Bobby Soxer၊ Team 143၊ J Fire၊ မေလသံစဉ် တို့နှင့် အောက်တိုဘာလ ၆ ရက်တွင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ နီနီခင်ဇော်၊ ရဲရင့်အောင်၊ ချမ်းမြေ့မောင်ချို တို့က ဖျော်ဖြေတင်ဆက်သွားကြမှာဖြစ်ပါတယ်။ တေးသံရှင်များ၏ တေးဂီတဖျော်ဖြေတင်ဆက်မှုကို အောက်တိုဘာလ ၄ ရက်တွင် Iron Cross တေးဂီတအဖွဲ့၊ အောက်တိုဘာလ ၅ ရက်နှင့် အောက်တိုဘာလ ၆ ရက်တို့တွင် Mercury IX Band တို့က အကောင်းဆုံးပံ့ပိုးတီးခတ် ပေးသွားမှာဖြစ်ပါတယ်။ တေးသံရှင်များ၏သီဆိုမူ အစီအစဉ်ကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီထိ တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် ပြုလုပ်သွားမှာဖြစ်ကြောင်း မည်သူမဆို လာရောက်ကြည့်ရှု စိတ်အပန်းဖြေနိုင်ကြောင်း သိရပါတယ်။ (NVS-004)

29 Sep

ADVERTISE HERE .