“သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၌ ဆီမီး ၅,၀၀၀ နှင့် မိုးပျံပူဖောင်းများ လွှတ်တင်ပူဇော်မည်”

29 Sep

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၌ လာမယ့် သီတင်းကျွတ် လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီး ၅,၀၀၀ နှင့် မိုးပျံပူဖောင်းများ လွှတ်တင်ပူဇော်မည်ဖြစ်ကြောင်း ဘုရားကြီး၏ ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ရှင်ပင်စက္ကိန်းတဲဘုရားကြီးတွင် သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်၊ တန်ခူးလ၊ ကဆုန်လနှင့် အခါကြီး၊ ရက်ကြီးများတွင် ဆီမီးပူဇော်ပွဲ၊ မိုးပျံပူဖောင်းလွှတ်တင်ပွဲ၊ စတုဒိသာဧည့်ခံကျွေးမွေးပွဲ၊ ပဋ္ဌာန်းမြတ် ဒေသနာရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။ လာမယ့် အောက်တိုဘာလ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)မှာ ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စက္ကိန်းတဲဘုရားကြီး ဂေါပကအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးကာ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၏ အဆုံးအဖြတ်ကိုခံယူပြီး ဆီမီးပူဇော်ခြင်း၊ မိုးပျံပူဖောင်း လွှတ်တင်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

29 Sep

ADVERTISE HERE .