“ပါလ်မား ကို ၃ ပတ်ကြာအနားပေးသွားမယ်လို့ မာရက်စ်ကာ အတည်ပြု”
29 Sep
ချဲလ်ဆီးအသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမား ကိုးလ် ပါလ်မား ဟာ ပေါင်ခြံဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ ပတ်လောက်အထိ နားရမှာဖြစ်ပြီး အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေအပြီးမှ ပြန်ကစား နိုင်မှာဖြစ်တယ်လို့ နည်းပြ မာရက်စ်ကာ က အတည်ပြုပြောကြားခဲ့ပါတယ်။ ပါလ်မား ဟာ ပြီးခဲ့တဲ့တစ်ပတ်က မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့လို့ လူစားလဲခြင်း ခံလိုက်ရပြီး လက်ရှိမှာတော့ ၃ ပတ်လောက် အနားယူရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းက နိုဝင်ဘာလမှာ ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ဘရိုက်တန်၊ လီဗာပူးလ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ရှိသလို နည်းပြဟောင်း မော်ရင်ဟိုရဲ့ ဘင်ဖီကာအသင်းနဲ့လည်း ချန်ပီယံလိဂ် အိမ်ကွင်းပွဲကို ကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။ ပါလ်မား ရဲ့ ဒဏ်ရာအခြေအနေ ပိုပြီးတော့ မဆိုးစေဖို့အတွက် အေးဆေးအနားယူနိုင်ဖို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်ပြီး ပါလ်မာအနေနဲ့ ဒဏ်ရာကနေ အမြန်ဆုံး ပြန်သက်သာလာနိုင်ဖို့ အသင်းဘက်ကနေ အကောင်းဆုံးကူညီပေးသွားမှာဖြစ်တယ်လို့ မာရက်စ်ကာ က ပြောကြားခဲ့ပါတယ်။ (NVS 008)