“ခြေကျင်းဝတ်ဒဏ်ရာ ပြင်းထန်မှာကို စိုးရိမ်နေတဲ့ အယ်ကာရက်ဇ်”

29 Sep

ကမ္ဘာ့အဆင့် (၁) စပိန်တင်းနစ်သမား အယ်ကာရက်ဇ် က ဂျပန်အိုးပင်း ပထမအဆင့်မှာရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားနိုင်ငံသား ဆီဘက်စတီယန် ဘိဇ် နဲ့ ကစားခဲ့တဲ့ ပထမအဆင့်ပွဲရဲ့ ပထမပွဲလတ်မှာ အယ်ကာရက်ဇ် ခြေကျင်းဝတ်လည်သွားခဲ့တာ ဖြစ်ပြီး ကွင်းအတွင်း ဆေးကုသမှုခံယူခဲ့ရပါတယ်။ အဲ့ဒီနောက် ပွဲကိုဆက်လက်ကစားခဲ့ပေမယ့် အယ်ကာရက်ဇ်ရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေကို မြင်တွေ့ခဲ့ရသလို ဆေးအဖွဲ့ကလည်း မကြာခဏဆိုသလို အယ်ကာရက်ဇ်ရဲ့ အခြေအနေကို အကဲခတ် နေခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပြိုင်ဘက်ကို ၆း၄၊၆း၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် စိုးရိမ်စိတ်နဲ့ ပွဲကို ဆက်ကစားနေခဲ့ရတာဖြစ်တယ်လို့ အယ်ကာရက်ဇ်က ဝန်ခံသွားပါတယ်။ ခြေကျင်းဝတ်ကို အားစိုက်လိုက်တိုင်းမှာ နာကျင်မှုကိုခံစားနေရပေမယ့် ပွဲပြီးတဲ့အထိ ကောင်းကောင်း ကစားနိုင်ခဲ့လို ပျော်ရွှင်ရသလို နောက်ရက်တွေမှာ အခြေအနေဘယ်လိုရှိမလဲဆိုတာကို စောင့်ကြည့်ရမယ်လို့ အခုလအစောပိုင်းမှာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရယူထားတဲ့ အယ်ကာရက်ဇ် က ပြောကြားသွားခဲ့ပါတယ်။ အယ်ကာရက်ဇ်ဟာ လာမယ့် စနေနေ့မှာ ဒုတိယအဆင့်ပွဲအဖြစ် ဘယ်လ်ဂျီယံနိုင်ငံသား ဇီဇူး နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .