“နည်းပြရာထူးအတွက် နူနိုဆန်တို ကို အစားထိုးခန့်အပ်ဖွယ်ရှိတဲ့ ဝက်စ်ဟမ်းအသင်း”

29 Sep

ဝက်စ်ဟမ်းအသင်းဟာ နည်းပြ ဂရေဟမ်ပေါ်တာ ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နူနိုဆန်တို နဲ့ အစားထိုးဖို့ နီးစပ်နေပါတယ်။ နည်းပြ ပေါ်တာ အနေနဲ့ ဝက်စ်ဟမ်းအသင်းကို ရှစ်လသာ ကိုင်တွယ်ခဲ့ပြီး ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ အခုရာသီပရီးမီးယားလိဂ်မှာ အဆင့် (၁၉) နေရာရောက်နေပြီး ငါးပွဲကစား သုံးမှတ်သာ ရရှိထားပါတယ်။ ဝက်စ်ဟမ်းအသင်းအဖို့ နူနိုဆန်တို ကို အဲဗာတန်အသင်းနဲ့ပွဲအမီ ခန့်အပ်ဖို့ ရှိနေပါတယ်။ နူနိုဆန်တို နဲ့ ဝက်စ်ဟမ်းအသင်းဘုတ်အဖွဲ့တို့အကြား ဆွေးနွေးမှုဟာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နူနိုဆန်တိုဟာ နော်တင်ဟမ်အသင်းကို အောင်မြင်မှုရရှိစေခဲ့ပေမဲ့ အသင်းပိုင်ရှင်နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ၂၁ လကြာကိုင်တွယ်အပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .