“ဇာဗီ ကို လောရင့်ဘလန့်နေရာ အစားထိုးဖို့ ပစ်မှတ်ထားနေတဲ့ အယ်လ်အစ်တီဟတ်အသင်း”

29 Sep

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ နည်းပြ လောရင့်ဘလန့် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး တဲ့နောက် ဘာစီလိုနာအသင်းနဲ့ အယ်လ်ဆတ်ဒ်နည်းပြဟောင်း ဇာဗီ ကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ အယ်လ်အစ်တီဟတ်အသင်းဟာ အခုတစ်ပတ်ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်(၄)မှာ အယ်လ်နာဆာအသင်းကို ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ်နည်းပြ လောရင့်ဘလန့် ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အယ်လ်အစ်တီဟတ်အသင်းက လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဗီ ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားသလို၊ အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီနဲ့ အေစီမီလန် နည်းပြဟောင်း ကွန်စေးဆောင်းတို့ကိုလည်း ချိန်ရွယ်နေကြောင်း သိရပါတယ်။ ၂၀၂၄ နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဇာဗီ ကို မန်ယူအသင်းကလည်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လိုလားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .