“စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ယခင်တစ်ပတ်အတိုင်း အမြင့်ဈေးမှာ တည်ငြိမ်နေ”
29 Sep
ယခုတစ်ပတ်တာကာလဖြစ်သည့် စက်တင်ဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် ၆,၆၁၀ ဖြစ်ကြောင်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွက် ရည်ညွှန်းဈေးမှာ ယခင်တစ်ပတ်ကတိုင်း အမြင့်ဈေးနှုန်းနဲ့ နှစ်ပတ်ဆက်တိုက် ဆက်လက်ရပ်တည်နေပါတယ်။ အဆိုပါထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။ (NVS 004)
29 Sep