“တောင်ကိုရီးယားနိုင်ငံက မြန်မာ့သရက်သီးကို ဝယ်ယူတင်သွင်းလို”

29 Sep

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ သရက်သီးများကို တောင်ကိုရီးယားနိုင်ငံက ဝယ်ယူတင်သွင်းလိုကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ အကယ်၍ တင်ပို့လိုပါက စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ တောင်ကိုရီးယားနိုင်ငံ၏ တိရစ္ဆာန်နှင့်အပင်များ ထိန်းချုပ်ရေးအေဂျင်စီ – APQA နှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံက သတ်မှတ်ထားတဲ့ အပင်ပိုးမွှားများနှင့်ကင်းလွတ်ရန် အပူငွေ့နှင့် ပြုပြင်ထိန်းသိမ်းထားခြင်း၊ နှစ်နိုင်ငံစိုက်ပျိုးရေး စစ်ဆေးရေးအရာရှိတွေက ပို့ကုန်စစ်ဆေးမှုများကို တင်ပို့မည့် စက္ကူပုံးများ၏ ၂ ရာခိုင်နှုန်း (သို့မဟုတ်) Shipment တစ်ခုကို အသီး ၆၀၀ စစ်ဆေးခြင်း အစရှိသည့် သဘောတူညီမှုများကို လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် စိတ်ဝင်စားတဲ့ ကုမ္ပဏီ/လုပ်ငန်းရှင်များရှိပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(အီးမေးလ် – nesmyanm [email protected] နှင့် ဖုန်းနံပါတ် ၀၆၇-၄၀၈၄၉၅ ၊ ၀၆၇-၄၀ ၈၄၂၄) တို့ကို စက်တင်ဘာလ ၃၀ ရက် အရောက်ပေးပို့ကြရန် အသိပေးထားပါတယ်။ လက်ရှိတွင်မြန်မာနိုင်ငံမှ သရက်သီးများကို တရုတ်ဈေးကွက်သို့ အဓိကထား တင်ပို့လျက်ရှိပြီး ရုရှားနိုင်ငံကလည်း မြန်မာနိုင်ငံမှ သရက်သီးအနှစ် တန်ချိန် ၁၀,၀၀၀ ကို နှစ်စဉ် တင်သွင်းလိုကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ ယခုနှစ်တွင် မြန်မာ့သရက်သီး အထွက်နှုန်း ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး ပြည်တွင်း/ပြည်ပမှ ဝယ်လိုအားလည်း လျော့နည်းသွားကြောင်း သိရပါတယ်။ (NVS 004)

29 Sep

ADVERTISE HERE .