“မကွေးလေကြောင်းခရီးစဉ် စီးနင်းသူခရီးသည်ဦးရေများလာပါက လေယာဉ်ချိန်ပြောင်းလဲပြေးဆွဲပေးမည်”
29 Sep
ဩဂုတ်လတွင် ပြန်လည်ပြေးဆွဲပေးနေတဲ့ မကွေးလေကြောင်းခရီးစဉ်မှာ စီးနင်းသူခရီးသည်ဦးရေများလာ ပါက လေယာဉ်ချိန်ပြောင်းလဲပြေးဆွဲရန် စီစဉ်ထားကြောင်း သိရပါတယ်။ မကြာမီကပြန်လည်ဖွင့်လှစ်ပြေးဆွဲနေတဲ့ မကွေးလေကြောင်းခရီးစဉ်များကို ဩဂုတ်လ ၂၅ ရက်ကစပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက တစ်ပတ်နှစ်ရက်နဲ့ ပြေးဆွဲပေး နေခြင်းဖြစ်ပါတယ်။ အပတ်စဉ်တနင်္လာနှင့်ကြာသပတေးရက်များမှာ မန္တလေး-မကွေး၊ မြစ်ကြီးနား–မကွေး၊ မကွေး-နေပြည်တော်၊ မကွေး-ရန်ကုန် စသည့်ခရီးစဉ်များကို ပျံသန်းပြေးဆွဲနေပါတယ်။ မကွေးသို့ လိုက်ပါစီးနင်းသူ ခရီးသည်အရေအတွက်မှာ ၂၀ ဦးဝန်းကျင်ခန့်ရှိပြီး မကွေးမှရန်ကုန်နှင့်နေပြည်တော်သို့ လိုက်ပါစီးနင်းသူ ခရီးသည် အရေအတွက်မှာ ၂၀ ဦးမှ ၃၀ ဦးခန့်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင်ခရီးသည်ဦးရေများလာပါက အဆင်ပြေ ချောမွေ့စေရန် လေကြောင်းလိုင်းများအနေနဲ့ ခရီးစဉ်အချိန်ကို ပြောင်းလဲရန်စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 004)