“သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာ-ရုရှားနှစ်နိုင်ငံဆွေးနွေး”

29 Sep

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မြန်မာ-ရုရှားနှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရန် ရုရှားနိုင်ငံ၊ Moscow Engineering Physics Institute (MEPhI)၌ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ်၊ ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ရုရှားနိုင်ငံတွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ အမှာစကားပြောကြားပြီး လိုအပ်သည်များကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ သို့တက်ရောက်ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများပါဝင်တဲ့ Hackathon ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါတယ်။ (NVS 004)

29 Sep

ADVERTISE HERE .