“တောင်ကိုရီးယားနိုင်ငံသို့ EPS လုပ်သား ၇၀၀ ကျော်ကို ၉ လအတွင်း စေလွှတ်ထား”

29 Sep

အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံသို့ တောင်ကိုရီးယားနိုင်ငံသို့ EPS လုပ်သား ၇၀၀ ကျော်ကို ၉ လအတွင်း စေလွှတ်ထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တောင်ကိုရီးယားနိုင်ငံသို့ EPS လုပ်သား ၇၄၃ ဦးစေလွှတ်ထားပြီး ယင်းတွင်ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတစ်ဦး စေလွှတ်ထားခဲ့ပါတယ်။ မြန်မာ နိုင်ငံမှ တောင်ကိုရီးယားသို့ လုပ်သားဦးရေ ၁၀,၀၀၀ နီးပါး နှစ်စဉ်စေလွှတ်လျက်ရှိပြီး လက်ရှိတွင် မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိ လုပ်ကိုင်နေကြောင်း သိရပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇွန်လအထိ တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်အထိ စေလွှတ်ထားပြီး အဓိကအားဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဦးစားပေးစေလွှတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

29 Sep

ADVERTISE HERE .