“ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပမည်”

29 Sep

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လာမယ့်အောက်တိုဘာလ ၅ ရက် နှင့် ၆ ရက် (သီတင်းကျွတ်လပြည့်) ညတို့မှာ ထားဝယ်မြို့ပေါ်တွင် နှစ်ညဆက်တိုက် ကျင်းပသွားမည်ဖြစ်ပါတယ်။ အဆိုပါကာလအတွင်း ညလုံးပေါက် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပမည်ဖြစ်ပြီး ဇာတ်သဘင်၊ ခေတ်ပေါ် တေးဂီတများဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကာ လာရောက်သူ များကို စတုဒီသာ ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း သိရပါတယ်။ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို နှစ်စဥ် သီတင်းကျွတ်လပြည့်နေ့တိုင်း ထားဝယ်မြို့ အပါအဝင် မြစ်၊ ချောင်းဘေးရှိ ကျေးရွာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ (NVS 004)

29 Sep

ADVERTISE HERE .