ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်ဆိုတဲ့သတင်းကို အာနယ်ဆလော့ အတည်ပြု ပြောကြား

28 Sep

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ကွယ်လွန်သွားတဲ့ တိုက်စစ်ကစားသမား ဂျိုတာရဲ့ လက်ကျန်စာချုပ်သက်တမ်းကို လစာငွေအပြည့်ပေးချေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ လီဗာပူးလ် အသင်းပိုင်ရှင်တွေကလည်း လက်ကျန်စာချုပ်သက်တမ်း နှစ်နှစ်ကို လစာငွေအပြည့်ပေးဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါ တယ်။ ယာဉ်မတော်ဆမှုနဲ့ ကွယ်လွန်ခဲ့တဲ့ ပေါ်တူဂီကစားသမား ဂျိုတာဟာ ဇနီးဖြစ်သူ ရူတေကာဒိုဆိုနဲ့အတူ သားသမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။ ဂျိုတာရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၆-၂၇ ရာသီကုန်အထိဖြစ်ပြီး မိသားစုကို လစာအပြည့်ပေးဖို့ အသင်း ပိုင်ရှင် Fenway Sports Group က ဆုံးဖြတ်ခဲ့တယ်လို့ ပေါ်တူဂီသတင်းတွေက ဖော်ပြပြီးနောက် အာနယ် ဆလော့က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းက အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .