တရုတ်ဖိတ်ခေါ် အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း ဒုတိယဆု ရရှိခဲ့

28 Sep

တရုတ်ခရစ်ကတ်အဖွဲချုပ်(CCA) က ကျင်းပတဲ့ တရုတ်ဖိတ်ခေါ် အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ (Belt & Road Women's T20I 2025) ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာ့လအမျိုးသမီးအသင်း ဒုတိယဆု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ Hangzhou မြိုရှိ Ziejiang နည်းပညာတက္ကသိုလ် ခရစ်ကတ်အားကစားကွင်းမှာ စက်တင်ဘာလ ၂၀ ရက်ကနေ ၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ မွန်ဂိုလီးယား ၄ သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး အုပ်စု ပတ်လည်ပုံစံနဲ့ ယှဥ်ပြိုင်ကစားခဲ့ပါတယ်။ ထိပ်ဆုံးနှစ်သင်းက ဗိုလ်လုပွဲကစားရပြီး အောက်ဆုံးနှစ်သင်းက တတိယ နေရာလုပွဲအဖြစ် ထပ်မံကစားခဲ့ရပါတယ်။ မြန်မာအသင်းဟာ ဟောင်ကောင်ကို ရှုံးနိမ့်ခဲ့ပြီး ရက်မှာ တရုတ်နဲ့ မွန်ဂိုလီးယားကို အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲ ကစားခွင့်ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ မြန်မာဟာ အုပ်စုအဆင့်က ရှုးနိမ့်ထားတဲ့ ဟောင်ကောင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ယှဥ်ပြိုင်ကစားရာမှာ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယဆုနဲ့ သာ ကျေနပ်ခဲ့ရပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .