ဘာလူစကိုနီ ပိုင်ဆိုင်တဲ့ မွန်ဇာအသင်းကို အမေရိကန်ကုမ္ပဏီ ဝယ်ယူ
28 Sep
အမေရိကန်ကုမ္ပဏီ Beckett Layne Ventures(BLV) က အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ မိသားစု ပိုင်ဆိုင်တဲ့ မွန်ဇာအသင်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မွန်ဇာအသင်းဟာ ပြီးခဲ့တဲ့ ရာသီကု န်မှာ စီးရီးအေကနေ စီးရီးဘီကို တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။ အသင်းတည်ထောင်မှု နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေတဲ့ မွန်ဇာအသင်းကို BLV ကုမ္ပဏီက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ဝယ်ယူဖို့ နီးစပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်ကျမှသာ အရောင်းအဝယ်ကိစ္စအပြီးသတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ BLV က အသင်းရဲ့ရှယ်ယာ ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ပြီး ဘာလူစကူနီရဲ့ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင် ထားပေမဲ့ အဆိုပါ ၂၀ ရာခိုင်နှုန်းကိုလည်း လာမယ့်နှစ်ဇွန်လမှာ ထပ်မံလွှဲပြောင်းပေးရမယ်လို့ သိရပါတယ်။ BLV က ဂယ်လီယာနီကို အသင်းဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ပေးဖို ကမ်းလှမ်းခဲ့ပေမဲ့ ဂယ်လီယာနီက ငြင်းပယ် ခဲ့ပြီး ဘာလူစကိုနီကတော့ အသင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် ဆက်ရှိသွားမယ်လို့ သိရပါတယ်။ (NVS 008)