ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ စံချိန်သစ်တင်နိုင်ခဲ့

28 Sep

ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဟာရီကိန်းမတိုင်မီ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ကလပ်အသင်းတစ်သင်းတည်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ကစားသမားတွေကတော့ စီရော်နယ်လ်ဒိုနဲ့ ဟာလန်း တို့ ဖြစ်ပါ တယ်။ စီရော်နယ်လ်ဒိုက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုး ၁၀၀ ကို ၁၀၅ ပွဲကစားပြီး သွင်းယူနိုင်ခဲ့သလို၊ ဟာလန်း ကလည်း မန်စီးတီးအသင်းအတွက် ဂိုး ၁၀၀ ကို ၁၀၅ ပွဲကစားပြီး သွင်းယူနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ စနေ့ညတွင် ကစားခဲ့တဲ့ ၀ါဒါဘရီမင်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ၂ ဂိုးထပ်မံသွင်း ယူခဲ့တာကြောင့် ၁၀၄ ပွဲဖြင့် သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ (NVS 008)

28 Sep

ADVERTISE HERE .