ဗီတင်ဟာ ကို ယူရို သန်း ၅၀ ဖြင့် ကမ်းလှမ်းရန် ရီးရဲလ်မက်ဒရစ်အသင်းစီစဉ်
26 Sep
စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်း ကွင်းလယ်ကစားသမား ဗီတင်ဟာ ကို ယူရို သန်း ၅ဝ ဖြင့် ကမ်းလှမ်းရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ ပီအက်စ်ဂျီအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ခုနစ်ပွဲကစားပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ ဗီတင်ဟာ ကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုခံနေရခြင်းအပေါ် ပျော်ရွှင် မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ဆောင်းရာသီဈေးကွက်တွင် ဗီတင်ဟာ ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)
26 Sep