တိုက်စစ်ပိုင်းတွင် ခြေစွမ်းပြကစားနေသည့် အိုလီဆီ ကို သက်တမ်းတိုးရန် ဘိုင်ယန်မြူးနစ်အသင်းစီစဉ်

26 Sep

ဘိုင်ယန်မြူးနစ်အသင်းက တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားနေတဲ့ အိုလီဆီ ကို စာချုပ်သက်တမ်း တိုးရန် စီစဉ်နေကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက အိုလီဆီ ကို ၂၀၂၄ ခုနှစ် နွေရာသီတွင် ပဲလေ့စ်အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၂ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၉ ခုနှစ်ထိ စာချုပ် ချုပ်ဆိုထားသော်လည်း ကစား သမားအနေနဲ့ တိုက်စစ်ပိုင်းတွင် ပုံစံကောင်းတွေပြသနိုင်ခဲ့တဲ့အတွက် အသင်းတာဝန်ရှိသူများက စာချုပ်သက်တမ်း တိုးရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ကစားသမားကို ခေါ်ယူစဉ်မှာ ၂၀၂၆ ခုနှစ်တွင် စာချုပ်ဖျက်သိမ်းကြေးဖြင့် ပြောင်းရွှေ့ခွင့်ပါရှိနေလို့ ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေတဲ့ လီဗာပူးလ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကမ်းလှမ်းမှု များကိုကာကွယ်ရန် ကြိုးပမ်းလျက်ရှိနေခြင်းဖြစ်ပါတယ်။ တောင်ပံတိုက်စစ်ကစားသမား အိုလီဆီ အနေနဲ့ ပြိုင်ပွဲစုံ ၆၂ ပွဲတွင် သွင်းဂိုး ၂၄ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၆ ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ ၁၂ ပွဲတွင် သွင်းဂိုး ခုနစ်ဂိုးနှင့် ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။(NVS 008)

26 Sep

ADVERTISE HERE .