လက်ရှိဘောလုံးရာသီ ပြိုင်ပွဲစုံတွင် ရှုံးပွဲမရှိရလဒ် ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အာနီစလော့ ကို စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်းစီစဉ်
26 Sep
လီဗာပူးလ်အသင်းက လက်ရှိဘောလုံးရာသီပြိုင်ပွဲစုံတွင် ရှုံးပွဲမရှိရလဒ် ရယူပေးထားနိုင်ခဲ့တဲ့ နည်းပြ အာနီစလော့ ကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်း တာဝန်ရှိသူများက နည်းပြ အာနီစလော့ အပြင် အသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ဂတ်ပို ကို သက်တမ်းတိုးနိုင်ပြီးနောက် ကွင်းလယ်ကစားသမား ဂရာဗန်ဘာ့ခ်ျ ကိုလည်း လာမည့် ဆောင်းရာသီတွင် သက်တမ်းတိုးနိုင်ရန် စီစဉ်လျက်ရှိနေပါတယ်။ အစောပိုင်းက အသင်းရဲ့ အဓိကကစားသမားများဖြစ်တဲ့ ဗန်ဒိုက် နဲ့ ဆာလတ် တို့ကို စာချုပ်သက်တမ်း မကုန်ဆုံးမီ သက်တမ်းတိုးရန် ကြိုးပမ်းခဲ့သော်လည်း ဆွေးနွေးမှုမအောင်မြင်ခဲ့လို့ ၎င်းတို့နေရာတွင် အစားထိုးမည့် ကစားသမား ရှာဖွေလျက်ရှိပြီး နည်းပြ စလော့ နှင့် ခြေစွမ်းပြကစားသမားများကိုလည်း သက်တမ်းတိုးရန် ဆက်လက် ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။(NVS 008)
26 Sep