အယ်လ်နာဆာအသင်းက ကက်စီမီရို ကိုခေါ်ယူရန် ပစ်မှတ်ထား
26 Sep
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက မန်ယူအသင်း ကွင်းလယ်ကစားသမား ကက်စီမီရို ကိုခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကက်စီမီရို ဟာ ၂၀၂၆ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးရန် အလားအလာနည်းပါးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အယ်လ်နာဆာအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ကက်စီမီရှိ သာ ဆန္ဒရှိပါက ငွေကြေးများစွာ အသုံးပြုရန် အသင့်ရှိနေတာဖြစ်ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းကွင်းလယ်ကစားသမား အားဖြည့် နိုင်ခဲ့ခြင်း မရှိတာကြောင့် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ (NVS 008)
26 Sep