“မြန်မာအမျိုးသားလေကြောင်း (၇၇)နှစ်မြောက် အထိမ်းအမှတ်အစီအစဉ်တွင် ကံထူးရှင် ၃ ဦးကို Lucky Draw လက်မှတ်များ ချီးမြှင့်မည်”
12 Sep
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ (၇၇)နှစ်မြောက် အထိမ်းအမှတ်အစီအစဉ်တွင် အသက် ၇၇ နှစ်ပြည့်မည့် သူများကို ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ထားပါတယ်။ ယခုနှစ် စက်တင်ဘာလအတွင်း အသက်(၇၇)နှစ်ပြည့် မွေးနေ့ရှင်များအတွက် Lucky Draw အစီအစဉ်ဖြစ်ပြီး မွေးနေ့ရှင်များထဲမှ Lucky Draw လက်မှတ်ရရှိမည့် ကံထူးရှင် ၃ ဦးကို ပြည်ပခရီးစဉ်ဖြစ်သော RGN-BKK-RGN အသွား/ အပြန်လေယာဉ်လက်မှတ် ၁ စောင်စီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပါဝင်ဆင်နွှဲလိုတဲ့ ခရီးသွား ပြည်သူများအနေနဲ့ Google Form Link မှာ ကိုယ်ပိုင်အချက်အလက်များကို ပြည့်စုံမှန်ကန်အောင် ဖြည့်သွင်းပေးရမည် ဖြစ်ကြောင်း သိရပါတယ်။ Lucky Draw လက်မှတ်ကံထူးရှင်ဖြစ်ရန်အတွက် မိမိတို့၏ ကိုယ်ပိုင်အချက်အလက် လေးများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၁၅ ရက်အတွင်း ဖြည့်သွင်းရန် ဖိတ်ခေါ်ထားပါတယ်။ (NVS 004)
12 Sep