“ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းဆောင်ရွက်ရန် Swiss Challenge တင်ဒါဖိတ်ခေါ်”

12 Sep

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုမှာ Solar နည်းပညာနဲ့ ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းဆောင်ရွက်ရန် Swiss Challenge တင်ဒါတင်သွင်းရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။ အဆိုပါတင်ဒါလျှောက်လွှာကို စက်တင်ဘာလ ၁၁ ရက်မှာ ဌာနခွဲ(၄)ခု၊ ဌာနစု(၁ဝ)ခု၊ လျှပ်စစ်ဌာနစိတ် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ထားဝယ်မြို့မှာ ရောင်းချပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၄ နာရီမှာ တင်ဒါပိတ်မည်ဖြစ်ကြောင်း သိရပါတယ်။ ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များကို ဦးစားပေးမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်းအမှတ် ဝ၅၉-၂၃၅၆၄၊ ဝ၅၉-၂၃၆၀၂ သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

12 Sep

ADVERTISE HERE .