“ပဲခူးတိုင်းဒေသကြီးအတွင်းထုတ်လုပ်သည့် MSMEs ပစ္စည်းများ အရောင်းပြပွဲ/ပြိုင်ပွဲ၌ ပါဝင်ဆင်နွှဲရန်ဖိတ်ခေါ်”
11 Sepပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီးအတွင်းထုတ်လုပ်သည့် MSMEs လယ်ယာသုံး စက်ကိရိယာပစ္စည်းများ၊ ထုတ်ကုန်အရောင်းပြပွဲ/ပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSMEs ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၀ ရက်အထိ ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးရှေ့ ယာဉ်ရပ်နားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပါဝင်ဆင်နွှဲနိုင်ရေး ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ ပွဲတော်ရက်အတွင်း အရောင်းဆိုင်ခန်းများအပြင် သီတင်းကျွတ်လပြည့်နေ့၌ ပွဲတော်လာဧည့်ပရိသတ် ၁၅,၀၀၀ အား စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ၏ စင်တင်နှင့် ဇာတ်သဘင် ဖျော်ဖြေမှုများကိုပါ ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲခူးမြစ်အတွင်း မီးမျှောပွဲနှင့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတွင် ဆီမီး ၁၀,၀၀၀ ထွန်းညှိခြင်း၊ မြို့တွင်းလမ်းတစ်လျှောက်နှင့် အများပြည်သူဆိုင်ရာ ပန်းခြံများတွင် မီးအလှဆင် အရုပ်များနှင့် ရောင်စုံမီးပုံးများ ချိတ်ဆွဲ ပြသထားခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးမှ ပဲခူးမြို့သူ/မြို့သားများနှင့် အများပြည်သူ မည်သူမဆို လွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း ပွဲတော် ဖြစ်မြောက်ရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ (NVS-004)