“တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများကို အသိပေးထုတ်ပြန်”

11 Sep

ကျန်းမာရေးဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုး အာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက် ရှိပါတယ်။ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော လုံးဆန်ဆာကြာပန်းအမှတ်တံဆိပ် သွေးတိုးကျဆေးနှင့် ရာဇဂြိုဟ် အမှတ်တံဆိပ် သွေးတိုးကျဆေး နှစ်မျိုးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင် ရရှိခဲ့သော်လည်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုမရှိခြင်းနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် သက်တမ်းကုန်ဆုံးခြင်း၊ လွှမ်းမိုးအောင်အမှတ်တံဆိပ် သွေးချို ဆီးချို ကျဆေးကြီးနှင့် သကြားဓာတ်ထိန်းရေနွေးကြမ်းတို့သည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိခြင်းတို့ကြောင့် အဆိုပါ တိုင်းရင်းဆေးဝါးလေးမျိုးအား တိုင်းရင်းဆေးဝါးမှတ်ပုံတင်မရှိခြင်းနှင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန် ထားရှိ ပါတယ်။ ပြည်သူများအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၌ မှတ်ပုံတင်ထားရှိတဲ့ ဆေးဝါးများ ကိုသာ စိစစ်ဝယ်ယူသုံးစွဲရန် အသိပေးထားပါတယ်။ ဒါ့အပြင် တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်း ဆေးဝါးများ၊ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသော တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း များကို ကျင့်ဝတ်(Ethic)အရ လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂) အရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS-004)

11 Sep

ADVERTISE HERE .