“၂၀၂၆ အာရှပစိဖိတ်အိမ်ခြံမြေညီလာခံကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည်”
11 Sep
စင်ကာပူနိုင်ငံတွင် ဩဂုတ်လ ၂၈ ရက်မှ ၂၉ ရက်ထိ နှစ်ရက်ကြာကျင်းပခဲ့သော Asia Pacific Convention အာရှပစိဖိတ်အိမ်ခြံမြေညီလာခံသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်နှင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ အသင်းဝင်များ တက်ရောက်ခဲ့ကြပြီး ၂၀၂၆ ခုနှစ်တွင် အဆိုပါညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် MoU သဘောတူလက်မှတ် ရေးထိုးခြင်းအခမ်းအနားကို စက်တင်ဘာလ ၉ ရက်က ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တဲ့အတွက် အာရှပစိဖိတ်အိမ်ခြံမြေညီလာခံကို ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ တရုတ်၊ နီပေါ၊ ဟောင်ကောင်၊ မကာအိုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံတွင် ကျင်းပမည့် အိမ်ခြံမြေညီလာခံသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)