အမေရိကန်သမ္မတ ထရမ့် အား ထောက်ခံသူ Political Activist Charlie Kirk ပစ်ခတ်လုပ်ကြံခံရ
11 Sep
အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်ရှိ Vally တက္ကသိုလ်ကျောင်းဝင်းအတွင်း စက်တင်ဘာလ ၁၀ ရက်က လူထုဟောပြောပွဲကျင်းပနေစဉ်မှာ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ Charlie Kirk သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ် Turning Point USA ကို ပူးတွဲတည်ထောင်သူ Kirk သေဆုံးကြောင်းကို အမေရိကန် သမ္မတ Trump က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ “အလွန်ခမ်းနားပြီး သူရဲကောင်းအဖြစ် တင်စားထိုက်သူ Charlie Kirk သေဆုံးသွားပြီ” ဟု Truth Social ပလက်ဖောင်းတွင်ရေးသား ဖော်ပြခဲ့သည်။ Kirk သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအစွန်းရောက် ခေါင်းဆောင်အားလုံးက ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။ အဆိုပါဖြစ်ရပ်က နိုင်ငံရေးခေါင်းဆောင်များအပေါ် ဦးတည်လာသည့် အကြမ်းဖက်တိုက်ခိုက်မှုများစွာထဲမှ နောက်ဆုံး တစ်ခုဖြစ်သည်။ Kirk သေဆုံးမှုအပေါ် အဆင်အခြင်မဲ့သော အောင်ပွဲခံမှုများလည်း ရှိနေပြီး အဆိုပါအပြုအမူများက ယခုလို ဖြစ်ရပ်များအပြီး ဖြစ်ပေါ်လေ့ရှိသည့် အလေ့အထများဖြစ်သည်။ Utah ပြည်နယ်အာဏာပိုင်များက Kirk သေဆုံးမှုနှင့်ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယခုအခါ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၁၈ နှစ်မှာ ကွန်ဆာဗေးတစ်အဖွဲ့ Turning Point USA ကို တည်ထောင်ခဲ့တဲ့ Kirk ဟာ သမ္မတနဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူလည်းဖြစ်သည်။