“အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် လူဦး‌ရေ ၃,၈၂၁ ဦး အသက်ဆုံးရှုံးခဲ့”

05 Sep

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးသူ ၃,၈၂၁ ဦးရှိခဲ့ကြောင်း စက်တင်ဘာလ ၄ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါထုတ်ပြန်မှုအရ မီးသတ်တပ်ဖွဲ့အနေနဲ့ စက်တင်ဘာလ ၃ ရက်အထိ ပိတ်မိနေသူများကို ကယ်ထုတ်မှုမှာ အသက်ရှင်တဲ့သူ ၆၅၃ ဦးကို ကယ်တင်နိုင်ခဲ့ကာ ရုပ်အလောင်း ၈၇၅ လောင်းကို ရှာတွေ့ခဲ့ပြီး လက်ရှိအချိန်ထိ ငလျင် ကြောင့် ဒဏ်ရာရသူ ၅,၁၀၄ ဦးရှိပြီး ပျောက်ဆုံးသူ ၅ ဦးရှိနေပါတယ်။ လတ်တလောမှာ ငလျင်ကြောင့်ပြိုကျသွားတဲ့ Sky Villa အဆောက်အဦကို NTL ကုမ္ပဏီ(Skyvilla condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီးရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးအပြီး ၅ လကြာ အထိ မန္တလေးနှင့်စစ်ကိုင်းမှာ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နေမှုရှိနေဆဲ ဖြစ်ပါတယ်။ (NVS 004)

05 Sep

ADVERTISE HERE .