“ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းဖွင့်လှစ်”
05 Sep
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သမိုင်းမှာပထမဦးဆုံး ဥပဒေနှင့်ပတ်သက်တဲ့ ဒီပလိုမာသင်တန်းကို ဒုတိယ ညွှန်ကြားရေးမှူးနှင့်အထက်အရာရှိကြီးများကို သင်တန်းသားအဖြစ်လက်ခံကာ ဖွင့်လှစ်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ (Diploma In Legal Advocacy-DLA) သင်တန်းအမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။ အဆိုပါသင်တန်မှာ သင်တန်းသား ၅၀ ကို သတ်မှတ်စံနှုန်းများဖြစ်တဲ့ ဘာသာရပ်ဆိုင်ရာ သုတေသနများနှင့် အခြားသောသုတေသနစာတမ်းများရေးသားရန်နှင့်ဌာနအသီးသီးမှာ ဥပဒေနှင့်စပ်လျဉ်း၍ ကိုင်တွယ်ကျင့်သုံးနေရတဲ့ အရာရှိများကို ပထမဦးစားပေးရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။ သင်တန်း ပြီးဆုံးပါက Diploma In Legal Advocacy ဘွဲ့ပေးမည်ဖြစ်ပြီး သင်တန်းကာလ ၁ နှစ်ကြာမြင့်မည်ဖြစ်ကာ ဘာသာရပ် ဆိုင်ရာများကို ၈ လ ပို့ချ၍ ၄ လမှာ သုတေသနစာတမ်းများ ရေးသားရန်ဖြစ်ကြောင်း သိရပါတယ်။ ယခုအချိန်မှာ ဥပဒေဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍတွင်ရှိ၍ ဥပဒေကိုလေးစားလိုက်နာပြီး ဥပဒေအသိပညာ ရှိခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း သိရပါတယ်။ ဥပဒေအသိပညာပြန့်ပွားရေးဒီပလိုမာ(Diploma In Legal Advocacy-DLA) သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃ ရက်က ကျင်းပခဲ့ပါတယ်။ (NVS 004)