“တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ အရေးကြီးထိန်းသိမ်းသင့်တဲ့ မျိုးစိတ်ဖြစ်သော ကျားသစ်တစ်ကောင် ပေါက်ဖွား”

05 Sep

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျားသစ်အထီး ဘရပ်စ် နှင့် ကျားသစ်မ ရွှင်ရွှင် တို့မှ မျိုးဆက်အဖြစ် ကျားသစ်‌ငယ် တစ်ကောင် ပေါက်ဖွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါကျားသစ်လေးကို ဇွန်လ ၂၂ ရက်မှာ အောင်မြင်စွာမွေးဖွား နိုင်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာလ ၄ ရက်မှသာ သတင်းထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှင်သန်နေထိုင် ကျက်စားတဲ့ ကျားသစ်မျိုးစိတ် ဖြစ်သော Indochinese leopard (Panthera pardus delacouri) မျိုးစိတ်က မျိုးသုဉ်းရန် အလွန်နီးကပ်နေသော မျိုးစိတ်ဖြစ်နေတာကြောင့် အခုလိုအောင်မြင်စွာကြီးပြင်းလာခြင်းကို သတင်းကောင်းဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)က ဆိုပါတယ်။ ကျားသစ်အထီး ဘရပ်စ် နှင့် ကျားသစ်မ ရွှင်ရွှင်တို့က ပထမတစ်ချိန်ကိုယ်ဝန် ရရှိခဲ့ဖူးပေမယ့် သားလျောခဲ့ရကာ ယခုတစ်ကြိမ်မှသာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 Sep

ADVERTISE HERE .