“စစ်တောင်းမြစ်ဝှမ်းဒေသမှာ ရေဘေးကာကွယ်ရေး တာ ၁၁ ခုနဲ့ ရေဘေးကာကွယ်ထား”
05 Sep
တောင်ငူခရိုင်မှာ နွေစပါးနှင့်အခြားသီးနှံများစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေ ပေးဝေနေတဲ့ ရေလှောင်တမံ ၈ ခုမှာ ရေသိုလှောင်ထားသကဲ့သို့ ရေဘေးကာကွယ်ရေး တာ ၁၁ ခု၏ စုစုပေါင်းတာဘိုင် ၃၅ မိုင် ၇ ဖာလုံမှ စစ်တောင်းမြစ်ဝှမ်း ဒေသအတွင်းရှိ ဧရိယာ ၃၇,၀၅၂ ဧကကို ရေဘေးကာကွယ်ထားရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ရှိ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းဧရိယာများကို ရေဘေး ကာကွယ်ထားရှိ ဝါးတီးအုန်းပင်တာကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က ကြည့်ရူစစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့မန္တလေးငလျင်ကြီးကြောင့် ရေသောက်စနစ်ပျက်ဆီးခဲ့တဲ့ ခပေါင်း ဆည်ရေသောက်စနစ်နှင့် ဆွာဆည် ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းနှင့် ရေပေးအဆောက်အအုံ များ ပြန်လည်ပြုပြင်ဆောင်ရွက်မှုများကို သတ်မှတ်ထားတဲ့စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်နေကြောင်း သိရပါတယ်။ (NVS 004)