“ဖီနာဘာချီနဲ့ လေဗာကူဆင်အသင်းတွေရဲ့ နည်းပြရာထူးအတွက် ဆွေးနွေးနေတဲ့ ပိုစတီကိုဂလူး”
04 Sep
စပါးအသင်းရဲ့ နည်းပြဟောင်း ပိုစတီကိုဂလူး ဟာ ဖီနာဘာချီနဲ့ လေဗာကူဆင်အသင်းတွေရဲ့ နည်းပြရာထူး အတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။ ဖီနာဘာချီအသင်းက ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြမော်ရင်ဟိုနဲ့ လမ်းခွဲထားသလို၊ ဂျာမန်ကလပ် လေဗာကူဆင် အသင်းက နည်းပြ တန်ဟက်ဂ် နဲ့လမ်းခွဲထားပြီး အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေတာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံရပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။ အဆိုပါ နှစ်သင်းစလုံးက ဥရောပပြိုင်ပွဲတွေ ယှဥ်ပြိုင်ဖို့ရှိနေတာကြောင့် ပိုစတီကိုဂလူး က အသင်းတစ်သင်းကို ရွေးချယ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ (NVS 008)
04 Sep