“ငလျင်ကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ကျော်ရှိလာသော အာဖဂန်နစ္စတန်၌ ကယ်ဆယ်ရေးလုပ်ငန်းများ အခက် အခဲများနှင့် ရင်ဆိုင်နေရ”

04 Sep

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် ဩဂုတ်လ ၃၁ ရက် က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ တာလီဘန်ကြားဖြတ်အစိုးရက ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအရှေ့ပိုင်း ကူနာပြည်နယ်၌ သေဆုံးသူပေါင်း ၁,၄၁၁ ဦး ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၃,၁၂၄ ဦး ရှိလာကြောင်း ပြောသည်။ ထို့အပြင် နေအိမ်ပေါင်း ၅,၄၁၂ လုံးလည်း ထိခိုက်ပျက်စီးမှု ဖြစ်ပွားကြောင်း သိရသည်။ ကူနာပြည်နယ်ရှိ ဆေးခန်းတစ်ခုကို စီမံကွပ်ကဲနေသူတစ်ဦးက ငလျင်ဒဏ် အဆိုးရွားဆုံးခံရသည့် တောင် ထူထပ်သောဒေသများတွင် လမ်းများပိတ်မိနေသောကြောင့် ကယ်ဆယ်ရေးလုပ်သားများက ထိခိုက်ဒဏ်ရာရရှိသူများ ကို ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးနေရကြောင်း ပြောသည်။ သို့သော်လည်း အချို့နေရာဒေသများတွင် ရဟတ် ယာဉ်ဖြင့် သွားလာ၍ မလွယ်ကူသောကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများမှာ နှောင့်နှေးကြန့်ကြာမှုများ နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

04 Sep

ADVERTISE HERE .