“လူငယ်ဖိုရမ်ကို တက်ရောက်ခဲ့ကြသူများ အမျိုးသားပြတိုက်ကို သွားရောက်လေ့လာ”

04 Sep

မြန်မာ့အနာဂတ်စာမျက်နှာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ (Youth Forum)သို့ တက်ရောက်ခဲ့တဲ့ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတို့မှ ကိုယ်စားပြုလူငယ်များက အမျိုးသားပြတိုက်(ရန်ကုန်)ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ စက်တင်ဘာလ ၂ ရက်က ကျောင်းသား ၂၀၀ ဦး၊ ကျောင်းသူ ၂၄၇ ဦး စုစုပေါင်း ၄၄၇ ဦးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ ဦးဆောင်၍ လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာ ဗျူဟာဖိုရမ် ၂၀၂၅ ကို ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမ၌ ကျင်းပပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖိုရမ်ကို နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်တဲ့ အခြေခံအသိပညာ ဗဟုသုတများရရှိစေရန်နှင့် လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေးကျွမ်းကျင်မှု အရည်အချင်းများ မြှင့်တင်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့က ပူးတွဲစီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

04 Sep

ADVERTISE HERE .