“လာမည့်ရွေးကောက်ပွဲတွင် လှိုင်းဘွဲမဲဆန္ဒနယ်မြေအတွင်း မဲရုံ ၁၄၉ ရုံထားရှိမည်”
04 Sep
လာမည့်ဒီဇင်ဘာလအတွင်းကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမဲဆန္ဒနယ်မြေ၌ မဲရုံ ၁၄၉ ရုံထားရှိကာ ဆန္ဒမဲပေးနိုင်ရန်ဆောင်ရွက်ထားကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရပါတယ်။ အဆိုပါမဲရုံ ၁၄၉ ရုံမှာ လှိုင်းဘွဲမြို့နယ် လှိုင်းဘွဲမဲဆန္ဒနယ်မြေရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၆၇ စုအတွင်း နေထိုင်သူ များ EVM စက်အသုံးပြု၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်မှာဖြစ်ပါတယ်။ အခုလိုဆန္ဒမဲပေးနိုင်ရန် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ များ၊ နည်းဥပဒေများ၊ လုပ်ငန်းများအကြောင်းအသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၏ ညွှန်ကြားချက်များ၊ ပြည်ထောင်စုတစ်ဝန်းလုံးနိုင်ငံရေးပါတီများ လျှောက်ထားမှုအခြေအနေ၊ မဲဆန္ဒရှင်ပြည်သူ များအနေနဲ့ သိသင့်သိထိုက်ကြရမည့်အချက်များ၊ မဲဆန္ဒရှင်အမည်စာရင်းကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းမှာ မဲပေးပိုင်ခွင့် မရှိသူများပါရှိပါက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများကို စီစဉ်ဆောင်ရွက်ပေးရမည့်အချက်များ၊ (EVM) စက်အသုံးပြုပြီး မဲဆန္ဒရှင်များ၏ မဲပေးပုံ၊ မဲပေးနည်း များကို သင်ကြားပို့ချခဲ့ပါတယ်။ (NVS 004)