“ဂျာမနီနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးကုန်စည်ပြပွဲတွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်ပြသမည်”

04 Sep

ဂျာမနီနိုင်ငံ Frankfurt မြို့ Frankfurt Fair and Exhibition ခန်းမမှာ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးလူသုံးကုန်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲမှာ မြန်မာ့ထုတ်ကုန်များ ဝင်ရောက်ပြသနိုင်ရန် စီစဉ်နေကြောင်း ဂျာမနီအခြေစိုက် Messe Frankfurt GmbH မှ သိရပါတယ်။ အဆိုပါ ပြပွဲကို ဂျာမနီနိုင်ငံ အခြေစိုက် Messe Frankfurt GmbH က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ Su Shwe Nadi ကုမ္ပဏီ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် ပြည်တွင်းရှိ အခြားသောလုပ်ငန်းရှင်များက သွားရောက်ပြသနိုင်ရန် စီစဉ်ခြင်း ဖြစ်ပါတယ်။ လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ကျင်းပမည့် အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ ဝင်ရောက် ပြသ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကြိမ်နှင့်ရက်လုပ်ထားသော ပစ္စည်းများ၊ သစ်အခြေခံလက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်း များ၊ တိုင်းရင်းသားရိုးရာချည်ထည်မျိုးစုံတို့ကို ပါဝင်ပြသသွားမည်ဖြစ်တဲ့အပြင် ပြပွဲကာလအတွင်း လာရောက်ပြသသူ နိုင်ငံအချင်းချင်း ချိတ်ဆက်ကာ နည်းပညာများ၊ အတွေ့အကြုံများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

04 Sep

ADVERTISE HERE .