“(၁၂၈)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်”

04 Sep

ပဲခူးတိုင်းဒေသကြီးပေါင်းတည်မြို့ ဘုရားကြီးလမ်းရှိဂန္ဓကုဋိတိုက်တော်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာလ ၄ ရက်မှာ (၁၂၈)ကြိမ်မြောက်စည်ကားသိုက်မြိုက်စွာကျင်းပသွား မယ်လို့ သိရပါတယ်။ ဗုဒ္ဓမြတ်စွယ်တော်အား လှည့်လည်အပူဇော်ခံမည့် စက်တင်ဘာလ ၄ ရက်နံနက် ၅ နာရီတွင် ရွှေကျောင်းကြီးတိုက် ဩဝါဒါစရိယနာယက ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ အထိ ရွှေပလ္လင်ပေါ်တွင် အပူဇော်ခံထားရှိမည် ဖြစ်ပါတယ်။ အဲဒီနောက် ဗုဒ္ဓမြတ်စွယ်တော်အား မွန်းလွဲ ၁ နာရီတွင် မြို့တွင်းသို့လှည့်လည်အပူဇော်ခံရာတွင် မဟာစည်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်း၊ထီးဖြူ၊ ရွှေယပ်ကိုင်၊ ဗုဒ္ဓဝေယျာဝစ္စအသင်း၊ ပရိတ်အသင်း၊ ဓမ္မစကြာဝတ်အသင်း ကားများ ဖြင့် လှည့်လည်အပူဇော်ခံမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် နံနက် ၈ နာရီမှစတင်ကာ ညနေ ၅ နာရီအထိ ရွှေပလ္လင်ပေါ်မှာ ရွှေခြုပ်တော်ဖွင့်လှစ်၍ အပူဇော်ခံထားရှိမည်ဖြစ်ပြီး တစ်နှစ်တာကိန်းဝပ်စံပယ် တော်မူတဲ့ ဂန္ဓကုဋိရွှေတိုက်တော်သို့ ပြန်လည်ပင့်ဆောင်ကာ ဂန္ဓကုဋိရွှေတိုက်တော်ကို ပိတ်သိမ်းမှာဖြစ်ပါတယ်။ အဆိုပါ မြတ်စွယ်တော်ဗုဒ္ဓပူဇနိယပွဲတော်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) ဒေသထွက်ကုန်ဈေးရောင်းပွဲတော်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲ များကို ၁၀ ရက်တိုင်တိုင် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

04 Sep

ADVERTISE HERE .