“CMP ကုန်ကြမ်းများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိ”

04 Sep

နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေသော်လည်း CMP ကုန်ကြမ်းများ ပုံမှန်အတိုင်းဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ပါတယ်။ ပြည်တွင်းမှာချုပ်လုပ်ပြီး ပြည်ပသို့တင်ပို့နေတဲ့ အထည်လိပ်ကုန်ကြမ်းများကို ပြည်ပနိုင်ငံများမှတစ်ဆင့် တင်သွင်းရခြင်းဖြစ်ပါတယ်။ ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းကို တင်သွင်းရာတွင် တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေခြင်းဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေတဲ့ CMP အထည်အလိပ်ကုန်ကြမ်းများကို လုပ်ငန်းအပ်နှံထားတဲ့ ပြည်ပနိုင်ငံများက တရုတ်နိုင်ငံဈေးကွက်မှတစ်ဆင့် ကုန်ကြမ်း ပစ္စည်းများကို အဓိကတင်သွင်းလျက် ရှိပါတယ်။ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံ စတဲ့အနောက်နိုင်ငံများက မြန်မာချုပ်ထည်များကို အဓိကတင်ပို့တဲ့ ဈေးကွက်များဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

04 Sep

ADVERTISE HERE .