“Centralized e-Pension ပရိုဂရမ်တွင် e-Pension ကတ် တစ်သိန်းသုံးသောင်းအား UID နံပါတ်များ ထည့်သွင်းပြီးဖြစ်”
03 Sep
ပင်စင်လစာထုတ်ယူရာတွင် အငြိမ်းစားများ၏ ပင်စင်လစာ လိမ်လည်ထုတ်ယူခြင်းများ မရှိစေရေး လူပုဂ္ဂိုလ် မှန်ကန်မှု ရှိ/မရှိစိစစ်နိုင်ရန်နှင့် ခေတ်မီနည်းပညာ အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ် ချိတ်ဆက်နိုင်ရန် UID နံပါတ်များကို Centralized e-Pension ပရိုဂရမ်တွင် ထည့်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ ဩဂုတ်လ တတိယပတ်အထိ UID နံပါတ်များကို e-Pension ကတ်၌ တစ်သိန်းသုံးသောင်းကျော် ထည့်သွင်းပြီးဖြစ် ကြောင်း သိရပါတယ်။ Centralized e-Pension ပရိုဂရမ်တွင် UID နံပါတ်များ ထည့်သွင်းနိုင်ရန် UID ကတ် မလုပ်ရသေးတဲ့ အငြိမ်းစား များကို ပင်စင်လစာထုတ်တဲ့နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ၌ သက်ဆိုင်ရာ လဝကဝန်ထမ်းများက ဆောင်ရွက် ပေးလျက် ရှိနေပါတယ်။ တစ်နိုင်ငံလုံးတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၃၀၃ ဘဏ်ရှိသည့် အနက် Centralized e-Pension စနစ်ဖြင့် ပင်စင် လစာထုတ်ယူနိုင်သည့် ဘဏ်ခွဲပေါင်း ၁၇၁ ဘဏ်ရှိပါတယ်။ မြန်မာ့စီးပွားရေးဘဏ်သည် Centralized e-Pension စနစ် ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှ စတင်ကျင့်သုံးခဲ့ပြီး e-Pension ကတ် ကိုင်ဆောင်ထားသည့် အငြိမ်းစားများအနေဖြင့် Centralized e-Pension စနစ်ကျင့်သုံးလျက်ရှိတဲ့ ဘဏ်ခွဲများ၌ ပင်စင်လစာများကို အလွယ်တကူထုတ်ယူနိုင်ကြောင်း သိရပါတယ်။ (NVS-004)