“လိုင်စင်ဆိုင်ရာအခကြေးငွေ ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများအား အရေးယူမှုများပြုလုပ်သွားမည်”

03 Sep

လိုင်စင်ဆိုင်ရာ အခကြေးငွေများပေးသွင်းခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများ ပေးပို့ခြင်းတို့အား ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် Sane Shwe Htin Co.,Ltd [NFS(C)လုပ်ငန်းလိုင်စင်ရ] နှင့် Thunder Arrow Co.,Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ] ကုမ္ပဏီများမှ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် တွင် ရရှိခဲ့ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၉(က) (၂)အရ ထိုက်သင့်သော အခွင့်အရေးပေးသည့် အနေဖြင့် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက် နှင့်အတူ သက်ဆိုင်ရာ အခကြေးငွေများလာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ရက်အတွင်းပေးသွင်းခြင်း မရှိပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအမှတ်(၂)၊ နေပြည်တော်မှ အသိထား ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်း- ၀၆၇၃၄၀၇၄၇၉ သို့ လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .