“ရန်ကုန်မြို့၌ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကျင်းပမည်”

03 Sep

Yangon-MCPA မှကြီးမှူး၍ အသင်းဝင်များအတွက် ရည်ရွယ်၍ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ MICT Park ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ သိရပါတယ်။ IT နည်းပညာနှင့်ပတ်သက်သော ဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများ၊ စွန့်ဦးတီထွင်လူငယ်များနှင့် Digital နည်းပညာအသုံးပြု၍ ကိုယ်ပိုင်လုပ်ငန်းများတွင် စတင်အသုံးပြုရန် စိတ်ဝင်စားသူများအတွက် ရည်ရွယ်၍ How to Start a Startup Business in Digital Economy ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူများ အနေနဲ့ ဝင်ရောက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဟောပြောပွဲတွင် စဉ်ဆက်မပြတ်ပြောင်းလဲနေသော Digital ခေတ်အတွင်း အရင်းအနှီးနည်းနည်းဖြင့် လုပ်ငန်း စတင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ခြင်း၊ စီးပွားရေးတစ်ခုစတင်ရာတွင် မရှိမဖြစ်သိထားရမည့် Strategy Finance၊ Marketing၊ Sales အစရှိသော စီးပွားရေးစီမံခန့်ခွဲမှု အခြေခံမူများကို ထည့်သွင်းဆွေးနွေးမည် ဖြစ်သည့်အပြင် မိမိတို့၏ စီးပွားရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် အသုံးဝင် Software များ၊ IT နည်းပညာများနှင့် တခြားသော အသုံးချနည်းပညာ များကိုပါ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၄ ရက်ထက် နောက်မကျစေဘဲ Google Form Link တွင် Register ဝင်ရောက်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .