“မွေထိုင်း ထိပ်တန်းဖိုက်တာဖြစ်တဲ့ Sam A နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် သွေးလင်းထက်”

03 Sep

စက်တင်ဘာလ ၂၆ ရက်မှာ ကျင်းပပြုလုပ်မယ့် ONE-126 ပွဲစဉ်တွင် မွေထိုင်း ထိပ်တန်းဖိုက်တာ တစ်ဦးဖြစ်တဲ့ Sam A နှင့် ရိုးရာဖိုက်တာ သွေးလင်းထက် တို့ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ကြောင်း သိရပါတယ်။ ရိုးရာဖိုက်တာ သွေးလင်းထက် ယှဉ်ပြိုင်ထိုးသတ်ရမည့် Sam A ဟာ တဝမ်ချိုင်း၊ စူပါလက် တို့ကဲ့သို့ ထိပ်တန်းဖိုက်တာတစ်ဦးဖြစ်တဲ့အပြင် မွေထိုင်းနှင့် ကစ်ဘောက်ဆင်ချန်ပီယံဟောင်းတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ ONE Lumpinee-121 ပြိုင်ပွဲမှာ ဒုခေါင်တွဲဆိုင်းနေရာ၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ရိုးရာဖိုက်တာ သွေးလင်းထက်က မွေထိုင်းဖိုက်တာ Chokpreecha ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .