“ပရီးမီးယားလိဂ်ကလပ်များက အခုနွေရာသီအပြောင်းအရွှေ့မှာ အသုံးစရိတ်ပေါင် ၃ ဘီလီယံကို ကျော်လွန်သုံးစွဲထား”

03 Sep

၂၀၂၅-၂၆ ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီရဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင် သုံးဘီလီယံကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ၂၀ သင်းရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ ပေါင် ၃ ဒသမ ၀၈၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက် အထိ ပရီးမီးယားလိဂ်နွေရာသီအသုံးစရိတ်ဟာ ပေါင် ၂ ဒသမ ၇၃ ဘီလီယံ ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးလ်အသင်းက အီဆက်ခ် ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူမှုအပါအဝင် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေရှိခဲ့လို့ ပေါင် သုံး ဘီလီယံ ကျော်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီက ပရီးမီးယားလိဂ်အသုံးစရိတ်က ပေါင် ၁ ဒသမ ၉၆ ဘီလီယံပဲ ရှိခဲ့ပြီး အခုနှစ်နွေရာသီ ပရီးမီးယားလိဂ်အသုံးစရိတ်ဟာ အခြားဥရောပထိပ်တန်းလိဂ် လေးခုဖြစ်တဲ့ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးတို့ထက်လည်း ကျော်လွန်နေခဲ့ပါတယ်။ အီတလီစီးရီးအေက ပေါင် ၁ ဒသမ ၀၂၆ ဘီလီယံ၊ ဂျာမနီဘွန်ဒစ်လီဂါက ပေါင် ၇၃၉ ဒသမ ၁၃ သန်း၊ပြင်သစ် လီဂူးက ၅၅၂ ဒသမ ၁၇ သန်း၊ စပိန်လာလီဂါက ၅၉၁ ဒသမ ၃ သန်း သုံးစွဲခဲ့ပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .