“ဂွန်ဒိုဂန် ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့တဲ့ ဂါလာတာစာရေးအသင်း”
03 Sep
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ မန်စီးတီးအသင်းက ၀ါရင့်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန် ကို ပြောင်းရွှေ့ကြေးအလွတ် ၂ နှစ်စာချုပ်နဲ့ ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်ကစားသမား ဂွန်ဒိုဂန် ဟာ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပေမဲ့ မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ တူရကီလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်က စက်တင်ဘာလ ၁၂ ရက်တွင် ပိတ်သိမ်းမှာဖြစ်တာကြောင့် ကစားသမားခေါ်ယူမှုတွေ ဆက်လက်ပြုလုပ်နိုင်ဆဲဖြစ်ကြောင်း သိရပါတယ်။ ဂွန်ဒိုဂန် ဟာ ၂၀၂၃ နွေရာသီမှာ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားခဲ့ပေမယ့် ၂၀၂၄ နွေရာသီမှာ မန်စီးတီးနဲ့ ပြန်လက်တွဲ ခဲ့ပါတယ်။ ယခုအခါဂါလာတာစာရေးအသင်းမှာ ကစားသမားဘဝကို အဆိုပါအသင်းမှာ အဆုံးသတ်ဖွယ်ရှိနေပါတယ်။ (NVS 008)
03 Sep